Sunday, 5 December 2010

လူငယ်သတင်းထောက်များ မှ နွားမင်းဆွေ သို့ …


မသတီ စရာ မျက်နှာပေး နဲ့ စစ်အုပ်စု အလိုကျ NLD ကို ...ရန်စ မီးမွှေးလုပ်ပေးနေတဲ့ နွားမင်းဆွေ..


အဆင့်အတန်း မရှိ လို့ သူရေးတဲ့ စာတွေ ဘယ်သူမှ မဖတ်တာ ကို အတင်းဖတ် ခိုင်းနေတဲ့ နွားမင်းဆွေ...


သြချ ရလောက်အောင် လေးစားရပါသော နွားမင်းဆွေ ခင်ဗျား…

တကယ့် ကို သူရဲ့ကောင်ကြီး လို ထင်ပါတယ်…ဘာလို့ လဲဆိုတော့  ခင်ဗျားရေးထားတဲ့ စာတွေထဲမှာ အတိုက်ခံ

တွေကိုပဲ ဇောင်းပေးပြီးရေးထားတာတွေ တွေ့နေရပါတယ်..စစ်အုပ်စု ဖက် ကိုတော့ ကလောင်စွမ်း မပြရဲ

ပါလား....နွားမင်းဆွေ…

ဒီနေ့  ဒီအချိန်မှာ ကျနော် တို့ စာနယ်ဇင်း သမားတွေက စစ်အစိုးရ ကို နည်းပေါင်းစုံ နဲ ထိုးနှက်နေကြပါတယ်..လူစဉ်မမှီ..နပ်မမှန်တဲ့ စာမူခ နဲ့ လုပ်နေပေမယ့်..မီဒီယာ ရဲ့ အစွမ်း နဲ့ တွန်းလှန်တဲ့ လူငယ်တွေပါ.. ဆောင်းပါးလေး တောက်တိုမယ်ရရေး..အရိုးရင်း ကိုက်ရလဲ မနည်းပါဘူးဆိုတဲ့ ခင်ဗျားလို စိတ်ဓါတ်နဲ့ လုပ်နေကြသူတွေ မဟုတ်ပါဘူး …ကျနော် တို့ ဆရာတွေ ရော ကျနော် တို့ ပါ ကိုယ်ရေးထားတဲ့ဆောင်းပါပဲ ဖြစ်ဖြစ် သတင်းပဲ ဖြစ်ဖြစ် စာဖတ်သူကို အတင်းအကျပ် ဘယ်တုန်းက မှ ဖတ်ပေးပါ..ဖတ်ပေးပါ..လို့ အရှက်မရှိမပြောခဲ့ဘူးပါဘူး..

အခု ခင်ဗျား က NLD ရုံးထဲဝင်ပြီး ခင်ဗျားအကျိုးအတွက် စစ်အစိုးရ အကြိုက်..မျက်နှာလုပ်ရေး ထားတဲ့ဆောင်းပါတွေ ကို ဖတ်ပေးပါ..ဖတ်ပေးပါ ဆို ပြီး အတင်း လာဖတ်ခိုင်းနေတာ ခင်ဗျားအစား ရှက်လိုက်တာဗျာ…

စာရေးသူ နဲ့ စာဖတ်သူ ကြားမှာ အဆင့်အတန်း ဆိုတာ ရှိပါတယ်..အလွယ်ပြောရရင်..အပျော်တမ်းစာပေ..ညစ်ညမ်းစာပေ တွေကို ပါမောက္ခ တွေ က မဖတ်ကြ သလိုပေါ့ဗျာ…ခင်ဗျား ရေးတဲ့ဆောင်းပါးတွေကို ခင်ဗျား နဲ့  အဆင့်အတန်း တူတဲ့ သူတွေ ပဲ ဖတ်ကြမယ်..ဝေဖန်ကြမယ်...အားရ ကျေနပ်ကြမယ် ပေါ့ဗျာ…

ခင်ဗျားက တကယ်..နိုင်ငံကောင်းကျိုးအတွက် အမှန်ကိုဝေဖန် နေတဲ့သူဆိုရင်..စစ်တပ်က.. ဘုန်းကြီးတွေ ကျောင်းသားတွေ ပြည်သူတွေ ကို သတ်နေတာ ရိုက်နှက်နေတာ ကိုလဲပြောရဲ ရ မယ်…ပြည်သူ့ 

ဘဏ္ဍာတွေ ကို့ သန်းရွှေ သားသမီးတွေ သုံးဖြုန်းပျော်ပါး နေကြတာတွေ ကိုလဲ ပြောရဲ ရမယ်..မသိနား မလည် တဲ့ နိုင်ငံရေးမပြည့်ဝသေးတဲ့ ပြည်သူတွေ ဆီက ဆန္ဒမဲတွေ လိမ်လည် ခဲ့တာကို လဲပြောရဲ ရ မယ်…မတရားတာ မှန်သမျှ ကို ပြည်သူဖက် ကရပ်တည်ပြီးပြောရဲ ရမယ်ဗျာ..။

ဒီနေ့ အထိ ဒါတွေ တခု မှ ခင်ဗျား မပြောခဲ့ မဝေဖန် ခဲ့သေးဘူး…မှန်ရဲ့လား နွားမင်းဆွေ..

ခင်ဗျားကိုစစ်အစိုးရကငြိုငြင်မှာကြောက်တယ်..ထောင်ထဲထပ်ဝင်ရမှာကြောက်တယ်…စည်းစိမ်းလေးပျက်စီးသွားမှာကြောက်တယ်..ဒါတွေ ကိုကြောက်နေရင် အေးဆေးနေပါ …ပြည်သူအတွက် အရာရာကိုစွန့်ပြီး လုပ်နေကြတဲ့ သူတွေ ကို ၀င်မနှောင့် ပါနဲ့..

အဲဒီနေ့ က ခင်ဗျား မှတ်မိမလားတော့  မသိ ဘူး..ခင်ဗျား နဲ့ ခင်ဗျား ရဲ့ ပါတနာတွေ ကြိုတင်အကွက်ချ ဆက်သွယ်ခဲ့ကြ လို့  ကျနော် တို့ ရောက်ခဲ့တယ်လေ…မိမိရရ ပါပဲ ကျနော် ဆီ မှာ ခင်ဗျား နဲ့ NLD က ဦးဝင်းထိန် တို့ ပြောဆိုထားကြတဲ့ အသံဖိုင်ကို ကျနော် ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ခဲ့ပါတယ်..

ခင်ဗျား အစားရှက်လိုက်တာ နွားမင်းဆွေရာ…လူပုံလည်ကြားမှာ ခွေးမောင်းသလိုမောင်းထုတ်ခံရတာ

ခင်ဗျားလဲ ခုလောက်ဆို မှတ်လောက်ပါပြီ…ကျနော် တို လို သတင်းမီဒီယာ သမားတွေ က ခင်ဗျားတို့  လုပ်ချင် တိုင်း လုပ် လို့ရ မယ့် အသုံးချ ခံမယ့် သူတွေ မဟုတ်ဘူးဆိုတာ..သတိချပ် ပါ နွားမင်းဆွေ ခင်ဗျား..


( မှတ်ချက် - စာဖတ်သူများ နားဆင်ရန် အလိုရှိပါက အထက်ပါ အသံဖိုင် အစ အဆုံး အားတင်ပေးပါမည် ။ )




...ဆက်လက်ဖတ်ရှုရန်...

WORLD AIDS DAY နေ့  အမှတ်တရ ဓါတ်ပုံများ


ဝမ်းသာလွန်းလို့ မျက်ရည် ကြတဲ့သူ ရှိသလို ပြုံးပျော်နေသူတွေ လဲရှိတယ်...


ကင်မရာ များကြားမှာ... အမေ နဲ့ အတူ တွဲပြီ ဘ၀ တခု ကို မှတ်တမ်းတင် သွားတဲ့သူတွေလဲရှိတယ်...


သားသမီး အရင်းတွေလို သဘောထားတဲ့ အတွက်... ကျနော်တို့ ..ဘ၀ မှာ အမေ နှစ်ယောက် နဲ့  ကျနော် တို့ ကြီးပြင်း လာတယ်လို့  သဘောထားလိုက်ပါပြီ အမေ........

...ဆက်လက်ဖတ်ရှုရန်...

Saturday, 19 June 2010

တစ်သက်တာ အမေ



တစ်ခေတ်လုံးအတွက်ပဲလား… အမေ
တစ်သက်စာအနှောင်အဖွဲ့ထဲကနေ
အမေ့ အသက် ၆၆…
နုပျိုသစ်လွင်မာန်ဟုန်ထန်ပြင်း
အမေပျိုးတဲ့ ဒီမိုကရေစီပန်းခင်းကြီးလည်း
ပွင့်ဝေဆာလန်းဖြာတဲ့တစ်နေ့
အမေ့ကိုတွေ့စေလိုသေးတယ်…
အမေအသက်တစ်ရာမှာ… ကျွန်တော်တို့
အမေ့အတွက် သစ်ပင်တစ်ရာစိုက်မယ်…
လွတ်လပ်မျှတအေးချမ်းတဲ့
မြန်မာပြည်တနံတလျား…
ဒေါင်းအလံကိုလွှင့် အားမာန်မြှင့်ပြီး

အမေနဲ့တူအမှန်တရားကိုရွက်ဆောင်သူတို့သမိုင်း
ထောင်နံရံတံတိုင်းတွေမှာမှတ်တမ်းရေး
မတရားမှုတိုက်ဖျက်တဲ့အရေးမှာ
မွေးနေ့အခါခါ သေနေ့အကြိမ်ကြိမ်
ကမ္ဘာမကြေတဲ့တရား ဖက်ဆစ်ကိုတားမြစ်မဲ့စိတ်ဓါတ်
ကလေးငယ်တွေ ရွတ်ဆိုပြခဲ့ချင်တယ်…
အမေ သက်တော်ရာကျော်ရှည်ဖို့အရေး
ဒီကဗျာနဲ့ ဆုတောင်းပေးပါတယ်.. အမေ
အမှန်တရားတွေ လွတ်မြောက်ပါစေ….။

စစ်နိုင်ခေတ်
။ ။ ခွပ်ဒေါင်းသွေး လူငယ် အင်အားစုမှ ... အန်တီ့ (၆၅) နှစ်ပြည့် အမှတ်တရ ကဗျာ ဖြစ်ပါသည်။

...ဆက်လက်ဖတ်ရှုရန်...

Sunday, 30 May 2010

ဝန်ထမ်းလောကတွင်းသို့ ထောက်လှမ်းရေးများဝင်ရောက်သတင်းယူ...

သတင်းတွေကတော့ ကြာလေပွင့်အန်ထွက်လာကြလေပဲဗျို့…..လာပြန်ပြီဗျာ ၀န်ထမ်းလောကထဲကနေ သတင်းတခုထွက်လာပြန်ပါပြီ..ဘာလဲဆိုတော့စစ်အစိုးရကနေ ဌာနဆိုင်ရာဝန်ထမ်းတွေကြားထဲမှာ ထောက်လှမ်း စုံစမ်းဖို့  အတွက် အယောင်ဆောင်ဝန်ထမ်းများ ထည့်သွင်းထားတယ်ဆိုတဲ့သတင်းပါပဲ ။
စစ်အစိုးရဟာယခုအစီစဉ်ကို ရွေးကောက်ပွဲကော်မရှင် ဥပဒေမထုတ်ပြန်ခင် အချိန်မတိုင်မီထဲက ကြိုတင်စနစ်တကျလုပ်ဆောင်ထားတာလို့ သိရပါတယ် ။ ရန်ကုန်မြို့ မှာရှိနေတဲ့ အစိုးရရုံးဝန်ထမ်းများအကြားမှာ ၀န်ထမ်းအသွင်ယူ၍သော်လည်းကောင်း ၊တရားရုံးများ နှင့် စည်ပင်ကဲ့သို့ဌာနများတွင် ပွဲစားများကဲ့ သို့  အသွင်ယူ၍ သော်လည်း ကောင်း ၊ ပညာရေးဌာနရှိကျောင်းများတွင်လည်း ကျောင်းသားမိဘများ ဆရာ/ဆရာမ(အသစ်)များကဲ့သို့ လည်းကောင်း ၊ ဆေးရုံဆေးခန်းများပါမကျန် ၀င်ရောက်သတင်း ရယူနေ ကြတယ်လို့ သိရပါတယ် ။
၎င်းတို့၏ အဓိက လုပ်ဆောင်ချက်များမှာ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပါက်သတ်၍၀န်ထမ်းများ၏ သဘောထားများစုံစမ်းရန် နှင့် ၀န်ထမ်းများအားစည်းရုံးရန်တို့ဖြစ်ပါတယ်။စုံစမ်းရေး နှင့် စည်းရုံးရေးကို သီးခြားလုပ်ဆောင်ကြပြီးဌာနတခုတွင်အနည်း၃ဦးမှ၅ဦးအထိရှိသည်ဟုသိရပါသည်။ရန်ကုန်မြို့ အတွင်း၌ ရရှိလာ သော သတင်းများအားစုစည်းသည့်နေရာများထားရှိပြီး အဓိကအားဖြင့် ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ စည်ပင်ရုံး ဌာနအတွင်းရုံးခန်းတခန်းသီးသန့်ဖွင့်လှစ်ထားသည်ဟုသိရပါသည်။အလားတူပဲအခြားဌာန
ဆိုင်ရာများတွင်လည်းလျှို့ဝှက်ရုံးခန်းများထားရှိထားသည်ဟု ၀န်ထမ်းလောက မှခိုင်မာသည့်သတင်းများရရှိထားပါသည် ။
ထို့အပြင် ဘာသာရေးပွဲများ ဥပမာ အစ္စလာမ်ဘာသာရေးဆိုင်ရာတရားပွဲများ ၊ ခရစ်ယာန် ဘာသာ ဘုရားရှိခိုးသည့်နေများ အစရှိသည့်နေများတွင် စစ်အစိုးရမှ အဆိုပါပွဲများတွင်ဘာသာရေး ခေါင်းဆောင်များ ၏ဟောပြောမှု့များ ကို အသွင်အမျိုးမျိုးဖြင့်သတင်းရယူလျှက်ရှိနေသည်မှာလည်း အချိန်ကာလ အတန်ကြာ ရှိနေပြီဟု သိရပါသည် ။
ထို့ကြောင့်ဝန်ထမ်းများအနေဖြင့်သတိကြီးစွာဖြင့်နေထိုင်ကြပါရန်နှင့်မိမိဌာနများသို့ဝန်ထမ်း အသစ်များ ရောက်ရှိလာပါက ဦးစွာလေ့လာပြီးမှတာဝန်ထမ်းဆောင်ကြပါရန်အသိပေးနိုးဆော်လိုက်ရပါသည်။

...ဆက်လက်ဖတ်ရှုရန်...

Friday, 28 May 2010

မြို့တော်စည်ပင် ညံ့ဖျင်းမှု့ ကြောင့်ရေလျှံမှု့များဖြစ်ပေါ်

video video

ရန်ကုန်မြို့ တွင်း ရှိမြို့  နယ်များရှိလမ်းများတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်ရေလျှံမှု များဖြစ်ပေါ် လျှက်ရှိပြီး မြေညီထပ်များရှိလူနေ တိုက်ခန်းများအတွင်းသို့  ရေစီးဝင်မှု့ များဖြစ်ပေါ်ခဲ့သည်။ မိုးရာသီရောက်ရှိလာပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ ရေလျှံမှု့ များ ဖြစ်ပေါ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားစွာ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့ တွင်းမြို့ နယ် များ၌နေထိုင်ကြသူများက ခန့်မှန်းပြောဆိုလျှက်ရှိနေကြသည်။
ဤသို့  ခန်းမှန်းရခြင်းအကြောင်းရင်းမှာ ပြီးခဲ့သည့်ခြောက်သွေ့ ကာလ များတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာ အနေဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမည်ခံ လမ်းများပြုပြင်ရာတွင်သာ ခြောက်သွေ့ရာသီတခုလုံးဦးစားပေးလုပ်ဆောင်ခဲ့ပြီး ၊ ရေစီးရေလာကောင်းမွန်ရန်အတွက် ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ဆယ်ယူခြင်းများကို ထိရောက်စွာမလုပ်ဆောင်ခဲ့သောကြောင့် မိုးရွာသွန်းပါက ရေနှုတ်မြောင်းများမှာရေလျှံမှု့  များ ဖြစ်ပေါ်လျှက်ရှိသည်ဟု ရန်ကုန်မြို့  တွင်းရှိ လသာ ၊ ပန်းပဲတန်း ၊ ကျောက်တံတား အစရှိသည့် မြို့  နယ် များတွင် နေထိုင်ကြသူများက ပြောဆိုလျှက်ရှိပါသည် ။

...ဆက်လက်ဖတ်ရှုရန်...

Tuesday, 25 May 2010

မင်္ဂလာဈေးမီးလောင်ခြင်း အဖြစ်မှန်နှင့်သုံးသပ်ချက်များ

မနေ့  က ဖြစ်ပွားခဲ့တဲ့ မင်္ဂလာဈေး မီးလောင်မှု ကိုကြားသမျှ မြင်သမျှ ပြန်လည် သုံးသပ်တင်ပြလိုက်ပါတယ်…
မီလောင်မှု့  စတင်ဖြစ်ပွားတဲ့ အချိန်က အများသိရှိပြီ ဖြစ်တဲ့ အတိုင်း ပဲ မနက် နာရီခွဲဝန်းကျင်က စတင် ဖြစ်ပွားခဲ့ပါတယ်.. မီးသတ်ကားတွေရောက်လာချိန်မှာတော့နံက်-၉း၀၀စွန်းနေပါပြီ…အဒီအချိန်မှာမီးတောက်အင်အားကပိုမိုကောင်းမွန်လာပြီး ဈေးသူဈေးသားများအနေနဲ့ ငြိမ်းသတ်နိုင်ခြင်းမရှိတော့ ပဲ မိမိတို့ ရဲ့ ဆိုင်ရှိပစ္စည်းများကိုသာ အလုအယက် သယ်ထုတ်ကြပါတော့  တယ်…စတင်ဖြစ်ပွားတဲ့ အထပ်မှာ အဓိကရောင်းချ သည့် ကုန်ပစ္စည်းများက အလှကုန်ရေမွှေး ၊ စာရေးကရိယာ နှင့်ဆေးဝါး များဖြစ်ကြပါတယ် ။ အလှကုန်များ မှာဆိုလျှင်ဖြင့် ရေမွှေးဘူးများ ၊ လက်သည်းဖျက်ဆေးကဲ့ သို့  မီးလောင်အားကောင်းစေသော ပစ္စည်းများဖြစ်ပြီး ၊ ဆေးဆိုင်များတွင်တော့  အရက်ပျံ ကဲ့သို့ သော ပစ္စည်းများနှင့် လောင်ကျွမ်းပြီးလျှင်ငြိမ်းသတ်ရန်ခက်ခဲသော ပလတ်စတစ် နှင့်ထုတ်ပိုးထားသော ဆေးဝါးများဖြစ်ကြပါတယ် ။
ဈေးအနီး ရှိသူများ၏ ပြန်လည်ပြောပြချက်အရ နံက်၉း၃၀ချိန်ထိတိုင်အောင် မီးသတ်ရန်အတွက် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးလို့  ဆို ကြပါတယ် ။ ထိုနောက်မှာတော့  ဆိုင်ရှင်များနှင့် အလုပ်သမားကို ဈေးအတွင်းဝင်ရောက်ခြင်းကိုတားမြစ်လိုက်ပြီး ပြင်ပသို့  ထွက်ခွာစေ ပါတယ် ။ ပထမဦးစွာ ရိုးရိုး မီးသတ်ပိုက်များဖြင့် သာ ဈေးအုပ်ချုပ်ရေးရုံးခေါင်မိုးမှနေ၍ လေးထပ် အမြင့်ကို မီးသတ်ပိုက်ဖြင့် လှမ်း ပက် နေကြပါတယ်…ထပ်မံ့ပြီး ဈေးကြီးအရှေ့ ဖက် ရှိ လမ်းမှ ပေါ်မှာနေ ၍ ပိုက်လှေကား ပါ မီးသတ်ကားကြီး ဖြင့် ငြိမ်းသတ်နေသော်လည်း ထိရောက်ခြင်းမရှိပါ ။
မီးအားနှင့်ရေ အားမျှ ဖြစ်နေပြီး မီးတောက်များအပြင်သို့  မထွက်လာစေရန်သာ တားဆီးနိုင်ခဲ့ပါတယ်။ မီးသတ်ကား အများစုမှာ ကန်တော်ကြီးမှရေ ကိုစုပ်ယူကြပြီး အချို့ ရေ ကားမှာတော့  ဝေးလံ တဲ့ သာကတ ဖက်မှာ ပြန်လည် သယ်ယူကြရတယ် လို့  သိ ရပါတယ် ။ နေ့  လည် ၁၁ နာရီ အချိန်လောက်မှာနောက်ထပ် ပိုက်လှေကားပါ မီးသတ်ကားကြီး တစီးထပ်ရောက်လာပြီး ဈေးမြောက်ဖက်ခြမ်းမှ နေ၍ထပ်မံ ငြိမ်းသတ်ပြန်ပါတယ် ။ဒါဟာလဲ တိုက်မြင့် မှာလောင်ကျွမ်းနေသောကြောင့် လူနေရပ်ကွက်များဖက် သို့  မီးပွားများမလွင့်စေရန်တားဆီးယုံမျှသာ ဖြစ်ပါတယ် ။
၁၁း၃၀ အချိန်ခန့်  မှာတော့  လုံထိမ်းကားများ ရောက်ရှိလာ ပြီး ကြည့်ရှု့နေကြသူများကို တားဆီးနိုင်ရန် အတွက်လက်နက်များအပြည့် ၊ ဒိုင်း များ နံပါတ်တုတ်များ ကိုယ်စီ ဖြင့် ကားလေးစီးခန့် ရောက်ရှိ ကြည့်ရှု့နေသူများကို မောင်းထုတ်ပါတော့  တယ် ။ အဲလို အချိန်မှာ ကြည့်ရှုနေကြသော လူအများ မှာ မီးသတ်များ မှ ထိထိရောက်ရောက် ငြိမ်းသတ်နိုင်ခြင်း မရှိပဲ ၊ ဖော်ပြခဲ့ပြီးသော ပုံများမှာမြင်တွေ့ ကြရ သည့်အတိုင်း မီးသတ်သမားများမှာ ယောင်တိယောင်တောင် ဖြစ်နေသောကြောင့် မကျေမနပ်ဖြစ်ကာ လူအုပ်များထဲ မှာ ဆဲဆိုကြသံများထွက်လာကြပါတယ် ။
၎င်းအချိန်မှာပဲ လုံထိမ်းတပ်သားများ မှ မကျေနပ်မှု့  များကြီးထွားမလာမီ လာရောက်ကြည့်ရှု့ သူများကို မောင်းထုတ်ပါတော့တယ် ။ ထိုနောက်ဈေးအနီးသို့  အကပ်မခံတော့ပဲ ကြိုးများ ၀ါးလုံးများ ဖြင့်တားဆီးလိုက်ပါတယ် ။မီးလောင်ရာနေရာ သို့  ရောက်ရှိလာကြသာ မီးသတ်အင်အား ၊ လုံထိမ်းရဲများ အပါအ၀င်စုစုပေါင်းရောက်ရှိလာသူများမှာ ၅၀၀ ကျော်ခန့် ရှိသော်လည်း မီးလောင်ခြင်းကိုတားဆီးနိုင် စွမ်းမရှိ ပဲ ဈေးအတွင်းရှိ လောင်စာကုန်၍မီးငြိမ်းမည့်အ ချိန်ကိုသာ စောင့်စားနေကြသည့် ပုံဖြစ်နေပါသည် ။ အောက်ထပ်များမှ ဈေးဆိုင်ပိုင်ရှင်များမှာလည်းမိမိတို့ ဈေးဆိုင်ခန်းများလောင်ကျွမ်း မှု့  မရှိသေးသော်လည်း ရင်တထိတ်ထိတ်ဖြင့်သာ ပစ္စည်းများ သယ်ထုတ်ခွင့်ပေးရန် အချိန်ကို သာ စောင့် စားနေကြရပါတယ်။
သို့ ပါသော်လည်း ညနေရောက်သည်အထိ မငြိမ်းနိုင်သေး ပဲ မီးတောက်များပိုမို ထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်သောပေါက်ကွဲသံများ အချက် ၂၀ ထက် မနည်းကြားကြရတယ် လို့  အနီးတွင်နေထိုင်သူများမှ ဆိုပါတယ် ။ အဆိုပါပေါက်ကွဲသံများမှာ ဈေးအတွင်းစားသောက်ဆိုင်များ နှင့် GAS အိုးဆိုင် များမှ ပေါက်ကွဲခြင်း ဖြစ်နိုင်သည်ဟုခန့်  မှန်းကြပါတယ် ။
ထပ်မံပြီး သိရသည့်သတင်းများအရ ပိုက်လှေကား ပါ မီးသတ်ကားကြီးများမှာ ရန်ကုန်မြို့ တွင် ၂ စီးသာရှိနိုင်သည်ဟု အနီးရှိ စောင့် ကြည့်နေသူများမှ ပြောဆိုသံများကြားသိရပါတယ် ။တနေကုန် အဆို ပါကားကြီး ၂ စီး ဖြင့်သာ ငြိမ်းသတ်နေပြီး ညနေ ချိန်မှာတော့နေပြည်တော် မှ လှေကားပါ မီးသတ်ကားကြီး တစီးနှင့် နံမည်ကြီး ကုမ္မဏီတခုမှ အပေါ်သို့လူလိုက်ပါရန်မလိုသော အော်တိုစနစ် ဖြင့် ငြိမ်း သတ်နိုင်သည့် ခေတ်မှီ မီးသတ်ကားတစီးတို့  လာရောက် ကူညီ ငြိမ်းသတ်ကြသည်ဟု သိရပါတယ်။
ညပိုင်း အထိဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်သောကြောင့်ဈေးသူဈေးသားများမှာလည်း ဆက်လက်စောင့် စားနေကြသောကြောင့် လုံထိမ်းရဲများ စစ်သားများမှ နံပါတ်တုတ်များဖြင့်လိုက်လံ ရိုက်နက် ကာ မောင်းထုတ် ခဲ့သည်ဟု သိရပြီး ကြည့်ရှု့ နေကြသူ များမှ ခဲများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည့် အတွက် လုံထိမ်းများနှင့် စောင့်ကြည့်နေကြသူများအကြား အခြေနေတင်းမာ မှု့တရပ်ဖြစ်ပေါ်ခဲ့သေးကြောင်း သိရ ပါတယ် ။
ည ၁၁း၃၀ ၀န်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းလိုက်တဲ့ အတွက်ကြည့်ရှုနေကြသူများလျှော့ပါသွားပါတယ် ။မင်္ဂလာဈေးကြီး ၏ လေအောက်ဖက်ကြရာဖြစ်သော ရပ်ကွက်မျာဖြစ်ကြသော အရိုးကုန်း ရပ်ကွက် နှင် ကျောက်မြောင်းဈေး တ၀ိုက်နှင့်လေကြောင်းတည့်တည့်ကြရာ ဖြစ်သော ငါးထပ်ကြီးဘုရားရွှေဂုံတိုင် တ၀ိုက်အထိပါ မီးခိုးညှော် နံများ တနေ့ နှင့်တည လုံး နံလျှက်ရှိကြောင်း ရပ်ကွပ်နေထိုင်သူများထံမှ သိရှိရပါတယ် ။
ယခုဖြစ်စဉ်အား ခြုံငုံ သုံးသပ်ကြည့်ပါက မြန်မာနိုင်ငံရှိ မြို့ ကြီး များတွင် အထပ်မြင့်များတွင် လောင်ကျွမ်းသောမီးအား ငြိမ်းသတ်နိုင်မည့် စနစ် နှင့်လုံလောက်သောပိုက်လှေကားပါမီးသတ်ကားကဲ့သို့မီးသတ် အထောက်အကူပစ္စည်းများလုံလောက်စွာ မရှိသေးကြောင်းနှင့် ရန်ကုန်မြို့  ရှိ အထပ်မြင့် ကွန်ဒို များတွင်နေထိုင်ကြသူများ မှာလည်း အလားတူအဖြစ်မျိုးဖြစ်ပေါ်လာမှာကိုစိုးရိမ်နေကြပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည် ။

...ဆက်လက်ဖတ်ရှုရန်...

Monday, 24 May 2010

ငါတို့  ပြောတာ လွန် လား... ခုပဲကြည့်ကြစမ်းပါ...

ခုလို ဆီထည့်နေစဉ်မှာပဲ ဈေးတထပ်ကုန်သွားပြီဖြစ်ပါကြောင်း..
အခုလို အမြင်မတော် တဲ့ မြင်ကွင်းတွေ ကိုလဲ မြင်တွေ့ခဲ့ ရပါသေးတယ်ဗျာ... ဈေးမီးလောင်တာ က ကုန် နေပြီ.. ကို့ ဆရာတို့  က အခု မှ ရေပြန်သယ်ဖို့  ဆီ ဖြည့်နေရတယ်...ကဲ ဘယ်လို လုပ်ကြ မလဲ..

...ဆက်လက်ဖတ်ရှုရန်...

မင်္ဂလာဈေး မီးလောင်နေစဉ့်  VDO

video
video
video
24.5.2010 ရက်နေ့  နံနံက် 8.30 ခန့် မှ စတင်လောင်ကျွမ်းခဲ့ သော မြန်မာ ပြည်၏ အဓိကဈေးတခု ဖြစ်သည့် မင်္ဂလာဈေး မီးလောင်နေပုံ မှတ်တမ်းများကိုတင်ပြလိုက်ပါသည် ။ အဆိုပါမီးမှာနာရီအတော်ကြာလောင်ကျွမ်းခဲ့ပြီး စတင်လောင်ကျွမ်းရခြင်း အကြောင်းရင်းကိုသေချာစွာမသိရသေးသော်လည်း ၀ါယာလျှော့ ဖြစ်ခြင်းမှစတင်လောင်ကျွမ်း ဖြစ်သည်ဟု ဈေးအနီးနားတ၀ိုက်သို့ လာရောက်ကြည့်ရှု့ ကြသူများ မှပြောဆို နေ ခဲ့ ကြပါသည် ။ အရှိန်ကောင်းကောင်း ဖြင့် လောင်ကျွမ်းနေသော မီးအား ရေအင်အားကောင်းစွာဖြင့် မငြိမ်းသတ်နိုင်ပဲ ဈေးပြင်ပသို့ မီးပွားများ မလွင့်လာစေရန်လောက်သာ တားဆီးနိုင်ခဲ့ပြီး ၊ မီးလောင်ကျွမ်းမှု့  မှာ ဈေးအတွင်းရှိလောင်စာများကုန် မှသာ ရပ်တန့်  မည့် အနေ အထား ဖြစ်နေပါသည် ။

...ဆက်လက်ဖတ်ရှုရန်...